အတ္တတွေနဲ့ရုပ်လုံးထွင်း

ရိုးသားခြင်းကင်းတဲ့ဘဝ

ပင်လယ်လောက် မလှပဘူး

ရူးရူးမူးမူးနဲ့ ထင်ရာလုပ်

ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထားတွေအောက်

ငါတို့ရဲ့ကမ္ဘာကြီးလောင်မီးကျနေခဲ့ပေါ့…

အိပ်လိုက် ထလိုက်နဲ့ နေ့ရက်တွေ

ရေတွက်မရအောင်များခဲ့ပေမယ့်

ကိုယ့်လိပ်ပြာကိုယ်လုံစွာနဲ့အိပ်ယာဝင်

ဖြူစင်တဲ့စိတ်နဲ့အိပ်ယာထ

ငါတို့ဘ၀မှာ ဘယ်နှစ်ခါကြုံခဲ့ကြဘူးလည်း…

အိပ်တဲ့ရက်ထက် အိပ်ပျက်ရက်ကပိုများနေမလား

သေချာစဉ်းစားကြည့် သူငယ်ချင်း

လိမ်လည်ခြင်းကင်းကင်းနဲ့ပေါ့….။

ငါကတော့

မာယာကင်းတဲ့ပင်လက်ထက်

အိပ်စက်နိုင်ဖို့ ကြိုးစားရဦးမယ်….။