ရေးသလိုဖြစ်ပြီး

လွယ်လွယ်နဲ့ပရင့်ထုတ်လို့ရအောင်

ဘ၀က ပရင့်တာတစ်လုံးမှမဟုတ်တာ…။

သူမြင်တဲ့ သူ့အတ္တနဲ့

ငါမြင်တဲ့ ငါ့ဝါဒကို

ဘယ်သူမှန်တယ်လို့နှိုင်းယှဉ်ရင်းနဲ့ပဲ

သက္ကရာဇ်တွေခြစားလာလိုက်တာ

ခြတောင်ပို့တွေတောင် အစီအရီဖြစ်လို့…..။

ငါ့သမိုင်းငါရေး

ငါ့အတွေး

ငါ့အသွေး

ငါ့သား…ငါ့မြေး

ကိုယ်တိုင်မသိတဲ့ ကြိုးဆွဲရုပ်ဘ၀မှာ

ကြိုးလေးပြတ်မှာတောင် စိုးရိမ်နေသေးတယ်….။