Latest Entries »

ခေတ်အဆက်ဆက်

အဖြစ်အပျက်အထွေထွေမှာ

သမိုင်းတာဝန်ကျေပွန်သူတွေလည်းရှိရဲ့

အမှားကအမှန်ဖြစ်

အမှန်တရားနွံနစ်တဲ့ကာလ

ဘ၀ပျက်သူတွေကဘ၀ပျက်

ပလ္လင်ထက်ထိုင်သူကထိုင်

ကိုယ်နဲ့မဆိုင်သလိုနေတဲ့သူတွေလည်း ဒုနဲ့ဒေး…….။

 

မဝေးသေးပါဘူး ဟိုတစ်ချိန်ခဏက

ပုဆိုးခြုံထဲက လက်ဝါးတောင်မပြရဲသူတွေ

လက်သီးကိုဆုပ်လက်မောင်းကိုတန်း

လူစွမ်းကောင်းသရုပ်နဲ့

ဟန်ထုတ်ပြီးထွက်လာကြတာများ

မိုးဦးကျပုရစ်တွေလို စီစီကိုညံလို့……။

 

အဲဒီသူတွေပေါ့

လဘက်ရည်ဆိုင်ထိုင် ပေါက်ပေါက်ဖောက်

ဗန္ဓုလလောက်သတ္တိရှိသတဲ့

ဗိုလ်ချုပ်လောက် တိုင်းပြည်ကိုချစ်သတဲ့

ဆရာစံလိုလို…

ဗိုလ်အောင်ကျော်လိုလို….

ဟိုလိုလိုဒီလိုလိုတွေများပြီး

အပိုအပိုတွေဖြစ်ကုန်လားမသိဘူး

ဆိုင်းဘုတ်ကြီးအခန့်သားတင်

လူတကာနဲ့ယှဉ်ပြီး တိုင်းပြည်ကိုချစ်နေလိုက်ကြတာများ…..

အင်းလေ…… ဘာပဲပြောပြော

လူတောမတိုးတဲ့ ကျုပ်လိုမျက်မမြင်ဒုက္ခိတထက်

တိုင်းပြည်အတွက် ပိုလိုအပ်မှာပါ…….။

 

 

 

 

အတ္တတွေနဲ့ရုပ်လုံးထွင်း

ရိုးသားခြင်းကင်းတဲ့ဘဝ

ပင်လယ်လောက် မလှပဘူး

ရူးရူးမူးမူးနဲ့ ထင်ရာလုပ်

ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထားတွေအောက် View full article »

ရွှန်းစိုဝေစည် မြန်မာပြည်လျှင်

ရှုမြင်အံ့ဆန်း ကိုယ့်ထီးနန်းနှင့်

ရဲရင့်ဝင့်ထည် ဂုဏ်တင့်တယ်စွာ

တည်ရာမှနေ နင်းဖျက်ချေဖဲ့

နယ်ချဲ့လက်အောက် ထီးနန်းပျောက်သုဉ်း View full article »

ဘဝ

ရေးသလိုဖြစ်ပြီး

လွယ်လွယ်နဲ့ပရင့်ထုတ်လို့ရအောင်

ဘ၀က ပရင့်တာတစ်လုံးမှမဟုတ်တာ…။

သူမြင်တဲ့ သူ့အတ္တနဲ့

ငါမြင်တဲ့ ငါ့ဝါဒကို View full article »

နွေရွက်ကြွေ

လေ၀ယ်မျော

စိတ်ဇောရယ်မကြည်….

မကြည်သာ

စိတ်နှလုံး View full article »

မိုးယံလွင်ပြင်

မှိုင်းညှို့နေစဉ်

ပြိုမလိုညိုတဲ့မိုး

ရွာသွန်းဖြိုးသော်

ရှေးယခင်ခါ View full article »

Follow

Get every new post delivered to your Inbox.